Bladder Type Pressure Tank အကြောင်း
မင်္ဂလာပါခင်ဗျ။
အော်တိုရေပန့်တွေမှာသုံးတဲ့ bladder type pressure tank ဆိုတာ...
အိမ်သုံး၊ စက်ရုံသုံး၊ အလုပ်ရုံသုံး၊ ဟိုတည်သုံး၊ ကွန်ဒိုတိုက်ခန်းသုံး စသည်ဖြင့် နေရာအတော်များများမှာ
အသုံးပြုကြတဲ့ auto pressure pump ဆိုတာရှိပါတယ်။ ဒီပန့်တွေဟာ လျှပ်စစ်ပါဝါ အမြဲတမ်းပေးထားရပြီး အထွက်ရေဖိအား အပြောင်းအလဲအပေါ်မှာ
အာရုံခံ အဖွင့်အပိတ်လုပ်ကြတဲ့ပန့် အမျိုးအစားတွေဖြစ်ပါတယ်။ ဒီပန့်တွေနဲ့တွဲဆက် အသုံးပြုကြတဲ့ အရပ်ခေါ်လေလှောင်အိုး
(bladder type pressure tank ) ဆိုတာရှိပါတယ်။ ဒီလှောင်အိုးထဲမှာ အကန့်နှစ်ခုသဘောမျိုးဖြစ်ပါတယ်။ တစ်ခန်းမှာ
ရေရှိမှာဖြစ်ပြီး ကျန်တစ်ခန်းမှာ လေဖိအားတစ်ခုရှိပါတယ်။ ဒီအကန့်နှစ်ခုဖြစ်အောင် ရာဘာအိတ်တစ်ခုနဲ့ နှစ်ပိုင်းပိုင်းထားတာဖြစ်ပါတယ်။
တချို့အမျိုးအစားတွေမှာ ရာဘာအိတ်တစ်ခုကိုအသုံးပြုပါတယ်။ ရေနဲ့ ဘေးက သံထည်လှောင်အိုး ထိတွေ့ခြင်းမရှိပါဘူး။
တချို့အမျိုးအစားတွေမှာ ရာဘာအိတ်အသစ်လဲလို့ရပေမယ့် တချို့အမျိုးအစားတွေမှာတော့ လေအိုးအလုံးလိုက်လဲရတွေရှိမှာဖြစ်ပါတယ်။
ရေနဲ့ထိတွေ့တဲ့ဘက်ခြမ်းကို ပန့်အထွက်မှာ တပ်ဆင်ထားပါတယ်။ ကျန်တစ်ဘက်ကိုတော့ အလုံပိတ်ထားပြီး ဆိုင်ကယ်တာယာ/ ကားတာယာတွေမှာသုံးတဲ့
valve tube(ဘောလကျွတ်) ခေါင်းတစ်ခုတပ်ဆင်ထားပါတယ်။ အတွင်းကိုလေဖိအားတစ်ခု ထိုးထည့်ပေးထားပါတယ်။
ဒီလို bladder type pressure tank တွေကို အော်တိုရေပန့်တွေမှာ အသုံးပြုရတဲ့ရည်ရွယ်ချက်တွေရှိပါတယ်။
ပန့်မောင်းနှင်အသုံးပြုစဉ်
💥ရေထွက်ပမာဏတည်ငြိမ်စေရန်
💥မောင်းနှင်အသုံးပြုစဉ်တုန်ခါမှု သက်သာစေရန်
💥ရုတ်တရက် ရပ်ခြင်း/မောင်းခြင်းဖြစ်စဉ်တွင်
ရေ၏နောက်ပြန်ဆောင့်မှု (water hammer effect) လျော့ပါးသက်သာစေရန် စတဲ့အချက်တွေဖြစ်ပါတယ်။
Bladder type pressure tank တစ်ခုကိုစဉ်းစားတဲ့အခါ
1. ဒီလေအိုးထဲမှာ လေဖိအားဘယ်လောက်ထည့်ထားသလဲ။
2.ပန့်အရွယ်အစားအလိုက် လေအိုးအရွယ်အစား ဘယ်လိုရွေးချယ်မလဲဆိုတဲ့ နှစ်ချက်ရှိပါတယ်။
ဒါတွေစဉ်းစားကြတဲ့အခါ.....
A. Pump flow rate
B. Cut in/cut off pressure
C. Target run time cycle
ဒီသုံးချက်ကို သိထားဖို့လိုပါတယ်။
တခုချင်းပြန်ရှင်းရရင်...
A. Pump flow rate
ပန့်တစ်လုံးရဲ့ရေထွက်ပမာဏအတွက် ပန့်ရဲ့အရွယ်အစားနဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။
မော်တာအားကြီးရင် ရေထွက်ပမာဏများပါမယ်။ သေးရင်နည်းပါမယ်။
မိမိလိုတဲ့ ရေထွက်ပမာဏအလိုက် ပန့်အရွယ်အစားကိုရွေးချယ်ရမှာဖြစ်ပါတယ်။
ယူနစ်ရေးသားပုံအနေနဲ့ နာရီ/မိနစ်/စက္ကန့် အချိန်နဲ့ မှီးပြီးရေးသားလေ့ရှိပါတယ်။
ဥပမာအားဖြင့်....
L/min, L/sec, Gal/min, m3/min
စသည်ဖြင့် ယူနစ်အမျိုးမျိုးဖြစ်နိုင်ပါတယ်။
B. Cut in/cut off pressure
ဒီရေပန့်တွေမှာ ဖွင့်ပိတ်အတွက် ရေဖိအားကို အခြေခံပါတယ်။
အထွက်ပိုက်လိုင်းထဲက ရေဖိအားကို ရည်ညွှန်းပါတယ်။
မော်တာပြန်လည်မယ့်ရေဖိအား(cut in pressure)နဲ့ မော်တာအော်တိုရပ်မယ့် ရေဖိအား
(cut off pressure)ကိုဆိုလိုတာဖြစ်ပါတယ်။
ယူနစ်ရေးသားပုံအမျိုးမျိုးရှိပါတယ်။
ဥပမာအားဖြင့်.....
psi, bar, kpa, kg/cm2 စတဲ့ pressure unit တွေဖြစ်ကြပါတယ်။
C. Target run time cycle
ပန့်စတင်မောင်းတဲ့ အချိန်နဲ့ ရပ်မယ့်အချိန်ကြားက
ကြာချိန်ဖြစ်ပါတယ်။
တခါမောင်း တစ်ကြိမ်ရပ် အခြေအနေကို
1 cycle လို့ခေါ်ပါတယ်။ တစ်နာရီအတွင်းဘယ်နှစ်ကြိမ်
လိုချင်တယ်စသည်ဖြင့် မိမိတို့ လိုတဲ့ ဒီဇိုင်းအလိုက်
သတ်မှတ်တွက်ချက်နိုင်ပါတယ်။
ပန့်ရေထွက်ပမာဏကတော့ မော်တာအကောင်ရေအလိုက်
လိုသလို(သို့) အနီးစပ်ဆုံးရွေးချယ်ရမှာဖြစ်ပါတယ်။
Bladder type pressure tank ထဲမှာ လေဖိအား
ဘယ်လောက်ပမာဏထိုးထည့်ထားသလဲ။
အထက်မှာပြောခဲ့တဲ့ cut in pressure ဆိုတာရှိပါတယ်။
ပန့်ပြန်မောင်းမယ့် ဖိအားတန်ဖိုးဖြစ်ပါတယ်။
ဒီဖိအားတန်ဖိုးကို 2 ယူနစ်နုတ်ပြီး ရတဲ့တန်ဖိုးဟာ
လေအိုးထဲကို ထိုးထည့်ရမယ့် ဖိအားတန်ဖိုးဖြစ်ပါတယ်။
ယူနစ်ကတော့မိမိတို့ သုံးတဲ့အတိုင်း
psi, bar, kpa, kg/cm2 အမျိုးမျိုးဖြစ်နိုင်ပါတယ်။
ဒီလိုလေပြန်ထိုးတဲ့အခါမှာ ပန့်ထဲမှာရှိတဲ့ ရေဖိအားကို
ပြင်ပလေထုဖိအား(14.7psi)အတိုင်းဖြစ်အောင်လျော့ထားဖို့လိုပါတယ်။
လေအိုးဖြုတ်ချပြီး သီးသန့်လေထိုးရင်လည်းရပါတယ်။
အတိုင်းအဆမရှိပဲ ကြုံသလိုထိုးနေရင်တော့
အတွင်းက ရာဘာလေအိတ်( bladder )
#ကွဲထွက်တတ်ပါတယ်။ #သတိထားဖို့လိုပါတယ်။
ဥပမာအားဖြင့် cut in pressure တန်ဖိုးဟာ
20psi ဖြစ်မယ်ဆိုရင် ထိုးရမယ့်လေဖိအားက 18psi ဖြစ်ပါမယ်။
Cut in /cut off pressure တန်ဖိုးတွေကို
Pressure control switch တွေပေါ်မှာရေးသားထားလေ့ရှိပါတယ်။
မပါခဲ့ဘူးဆိုရင်တော့ သက်ဆိုင်ရာတင်သွင်းဖြန့်ဖြူးသူတွေနဲ့ ဆက်သွယ်ရင်သွယ်။
မသွယ်ရင် မိမိဖာသာတိုင်းတာဖို့သာရှိပါတယ်။
ပန့်အရွယ်အစားအလိုက် bladder tank အရွယ်အစားကို ဘယ်လိုရွေးချယ်မလဲ။
သာမန် ပန့်အတော်များများမှာ bladder tank ဟာအတွဲလိုက်ပါပြီးသားဖြစ်ပါတယ်။
ရွေးနေစရာမလိုပါဘူး။
မိမိတို့ဖာသာဒီဇိုင်းလုပ်ချင်တာ ဆိုရင်တော့ ပေနည်းနည်း ထပ်ရှည်ပါမယ်။
Bladder tank တွေမှာ drawdown capacity ဆိုတာရှိပါတယ်။
နားလည်လွယ်အောင်ပြောရရင် Bladder tank အတွင်း
Cut in pressure နဲ့ cut off pressure တန်ဖိုးကြားမှာ
1 cycle အတွင်းပြောင်းလဲသွားတဲ့ ရေထုထည်ပမာဏကို
drawdown capacity လို့ခေါ်တာဖြစ်ပါတယ်။ Drawdown capacity ကိုတွက်ယူဖို့
မိမိတို့ရွေးချယ်ထားတဲ့ ပန့်ရဲ့ flow rate ကို gal/min ယူနစ်ကိုပြောင်းယူပါ။
ဒီတန်ဖိုးကို မိမိတို့ တဆက်တည်းအသုံးပြုလိုတဲ့ cycleတစ်ခုရဲ့ ကြာချိန်နဲ့မြှောက်လိုက်ရင်ရပါပြီ။
ဥပမာအားဖြင့်.....
Drawdown capacity
=pump GPM×run time cycle
=10 gal/min×1 min
=10gal
Drawdown capacity များများလိုလေ
Bladder tank အရွယ်အစားကြီးကြီးလိုလေဖြစ်ပါမယ်။
Drawdown capacity တန်ဖိုးကို
Cut in / cut off အခြေပြုသတ်မှတ်ချက်
Acceptance factor တန်ဖိုးနဲ့စားလိုရတဲ့
ဂဏန်းဟာ ရွေးချယ်ရမယ့် bladder tank ရဲ့
အရွယ်အစားဖြစ်ပါတယ်။
နမူနာတစ်ခုတွက်ကြည့်ရရင်.....
Drawdown capacity ကို 10 gal ထားပါ။
Cut in pressure 20psi
Cut off pressure 40psi အတွက်
Acceptance factor တန်ဖိုးဟာဇယားမှာ
0.37 ဖြစ်ပါတယ်။
ဒီတော့ Bladder tank ဟာ 10x0.37=3.7gal အရွယ်အစားကိုရွေးချယ်ရမှာဖြစ်ပါတယ်။
Acceptance factor တန်ဖိုးကို ဘယ်လိုရှာမလဲ။
ပုံသေနည်းရှိပါတယ်။
Cut in pressure 20psi
Cut off pressure 40psi အတွက်
💥1-(20+14.7)÷(40+14.7)💥=0.37
ဒီနေရာမှာ 14.7 psi ဆိုတာ ပင်လယ်ရေမျက်နှာပြင်နဲ့ တစ်တန်းတည်းရှိတဲ့နေရာရဲ့
ကမ္ဘာ့လေထုဖိအားတန်ဖိုးဖြစ်ပါတယ်။
ဒီလိုလေထုဖိအားနဲ့ပေါင်းလိုက်ခြင်းအားဖြင့်
ပကတိဖိအား(absolute pressure) တန်ဖိုးပြောင်းလိုက်တာဖြစ်ပါတယ်။
ဖိအားနှစ်မျိုးရှိပါတယ်။
Gauge pressure(မီတာပြဖိအား)
Absolute pressure(ပကတိဖိအား)
လမ်းကြောင်းလွဲမှာစိုးလို့ ဒီမှာတင်ရပ်ပါမယ်။
အထက်ပါ bladder tank ရွေးချယ်နည်းဟာ ရိုးရိုး မော်တာသုံးအော်တိုပန့်တွေ
အတွက်သာအကျုံးဝင်ပါတယ်။
VFD control ပါတဲ့ inverter type အမျိုးအစားတွေမှတော့ ကိုက်ညီမှုရှိမှာ မဟုတ်ပါ။
ဘော်ဒါတွေ အော်တို ရေပန့်အသုံးချခြင်းနဲ့ပတ်သက်လို့
အားလုံးအဆင်ပြေကြပါစေ။
Auto-pressure Booster Pumps
အိမ်သုံး၊လုပ်ငန်းသုံး အော်တိုရေဖိအားထိန်းပန့်များလေ့လာရန်
လေးစားစွာဖြင့်.....
#ကျင်းလုံမြန်မာ
#စက်ပစ္စည်းနဲ့ပတ်သက်ရင်တစ်နေရာတည်းမှာအစုံရနိုင်တဲ့နေရာ_ကျင်းလုံမြန်မာ
AC Dynamos
AC Motors
Air Compressors
Automotive Machinery
Blower & Exhaust Fan
Engine & Generators
Construction & Mining Machinery
Farming Machinery
Food Making Machinery
General Item Machinery